Обзор Презентация
လုံလောက်တယ်
ကျော်ဇေယျ
လုံလောက်တယ် ကျော်ဇေယျ

ဘဝမှာပိုင်ဆိုင်သောအရာများ
ဖြစ်ပီးရင်အချိန်တန်ပျက်ရမှာ
မတည်မြဲခြင်းအကြောင်းတွေဟာ
ဒီလောကရဲ့သဘာဝ
သင့်စည်းစိမ်ရွှေငွေဥစ္စာများက
သင့်အသက်ကိုမကယ်နိုင်တော့တဲ့အခါ
ဘဝမှာအရေးကြီးဆုံးဆိုတာ
ကြွယ်ဝခြင်းများမဟုတ်တော့ပါ
သင့်ချစ်သူခင်သူအပေါင်းဖော်များ
သင့်အနားကိုမလာနိုင်တော့တဲ့အခါ
အိုသင့်နောက်ဆုံးအချိန်မှာ
ဘယ်သူကသင့်အနားရှိမှာ
လမ်းတစ်ခုကိုဖွေရှာကြည့်ပါ
သင့်ဝိညာဥ်ထာဝရနားခိုရာ

သင်စိတ်ပျက်အားငယ်ချိန်

တိုင်းမှာသင်ဝမ်းနည်းမျက်ရည်
ကျတိုင်းမှာသင့်အနားမှာသူအမြဲ

ရှိခဲ့တာသင်သတိပြုမိရဲ့လား
ဘဝတိုက်ပွဲတွေကြုံတိုင်းမှာ

သင်လဲကျတဲ့အချိန်တိုင်းမှာ
ကျေးဇူးတော်ဟာသင့်ရဲ့အပေါ်မှာ

လုံလောက်လျက်ရှိနေတာ

ကျေးဇူးတော်ပိုလျှံခဲ့ချိန်တုန်းက
ချီးမွမ်းသံတွေရယ်မထွက်ခဲ့ပါ
အိုဒုက္ခရောက်ချိန်မှာကိုယ်တော်ဟာ
စွန့်ပစ်ခဲ့သတဲ့လား
ဘဝရဲ့အချိန်နာရီစက္ကန့်တိုင်း က
သူ့ကြောင့်သာငြိမ်သက်ခြင်းရှိတာ
ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်က
ကိုယ်တော်ဘုန်းထင်ရှားဖို့ပါ
အခက်ခဲတွေကြုံချိန်တိုင်းမှာ
ကျေးဇူးတော်လုံလောက်လျက်နေတာ
သင်စိတ်ပျက်အားငယ်အချိန်တိုင်းမှာ
သင်ဝမ်းနည်းမျက်ရည်ကျတိုင်းမှာ
သင့်အနားမှာသူအမြဲရှိခဲ့တာ
သင်သတိပြုမိရဲ့လား
ဘဝတိုက်ပွဲတွေကြုံတိုင်းမှာ
သင်လဲကျတဲ့အချိန်တိုင်းမှာ
၂ (ကျေးဇူးတော်ဟာသင့်ရဲ့အပေါ်မှာ
လုံလောက်လျက်ရှိနေတာ)၂

https://holychords.pro/85742
Скачать Скачать Скачать Поделиться

37 просмотров 10 прослушиваний 0 скачиваний

Похожие песни Все песни

လုံလောက်တယ်
ကျော်ဇေယျ
0

Комментарии

Форма входа

Статистика пользователей

Онлайн всего: 639
Гостей: 606
Пользователей: 33